ပရောဖက်/အတုအယောင်များ/ကို စမ်းသပ်ခြင်း
4
ချစ်ရသော/သူတို့… ဝိညာဉ်တော်/အားဖြင့် ဟောပြောသည်/ဟု ပြောဆိုသူ/တိုင်း/ကို မယုံကြနှင့်။ ထို/ဝိညာဉ်တို့/သည် ဘုရားသခင်/ထံမှ လာသော/ဝိညာဉ်တော်/ဟုတ်မဟုတ်/ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်/အတုအယောင်/များစွာတို့/သည် ဤ/လောက/၌ ပေါ်လာကြ/သောကြောင့်/ဖြစ်၏။ 2 ယေရှု/ခရစ်တော်/သည် လူသား/အဖြစ် ကြွလာကြောင်း/ကို ဝန်ခံသော/ဝိညာဉ်/တိုင်း/သည် ဘုရားသခင်/ထံမှ လာသော/ဝိညာဉ်တော်/ဖြစ်၏။ ဤ/နည်း/ဖြင့် ဘုရားသခင်/၏ ဝိညာဉ်တော်/ကို ကျွန်ုပ်တို့/သိနိုင်ကြ၏။ 3 ယေရှု/ခရစ်တော်/ကို ဝန်မခံသော/ဝိညာဉ်/တိုင်း/သည် ဘုရားသခင်/ထံမှ မဟုတ်ဘဲ ခရစ်တော်/၏/ရန်သူ/ထံမှ လာသော/ဝိညာဉ်/ဖြစ်၏။ ထို/ခရစ်တော်/၏/ရန်သူ/သည် ဤ/ကမ္ဘာ/လောက/သို့ ရောက်လာတော့မည်/ဟု သင်တို့/ကြားရသောသူ/ဖြစ်၏။ သူ/သည် ယခု/ပင် ကမ္ဘာ/လောက/၌ ရှိနေပြီ/ဖြစ်၏။4 သားသမီးတို့… သင်တို့/သည် ဘုရားသခင်/၏/သားသမီးများ/ဖြစ်/၍ ထို/သူတို့/ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့/ထဲ၌ ကိန်းအောင်းသော/ဝိညာဉ်တော်/သည် လောကီသားတို့/ထဲ၌ ကိန်းအောင်းသော/ဝိညာဉ်/ထက် ပို/၍ ကြီးမြတ်/သောကြောင့် ဖြစ်၏။ 5 ထို/ပရောဖက်တို့/သည် ဤ/လောက/၏/သားများ/ဖြစ်/၍ လောကီ/အမြင်/ဖြင့် ပြောဆိုကြ/သဖြင့် လောကီသားတို့/သည် နားထောင်ကြ၏။ 6 ကျွန်ုပ်တို့/သည် ဘုရားသခင်/၏/သားသမီးများ/ဖြစ်ကြ၏။ ဘုရားသခင်/ကို သိသောသူ/တိုင်း/သည် ကျွန်ုပ်တို့/စကား/ကို နားထောင်တတ်၏။ ဘုရားသခင်/၏/သားသမီး မဟုတ်သောသူ/သည် ကျွန်ုပ်တို့/စကား/ကို နားမထောင်တတ်။ ဤ/သည်/မှာ ကျွန်ုပ်တို့/သည် သမ္မာတရား/၏/ဝိညာဉ်တော်/နှင့် မိစ္ဆာ/ဝိညာဉ်/ကို ခွဲခြား/၍ သိရခြင်း/ဖြစ်၏။
ဘုရားသခင်/၏ ချစ်ခြင်းမေတ္တာ
7 ချစ်ရသော/သူတို့… ချစ်ခြင်းမေတ္တာ/သည် ဘုရားသခင်/ထံမှ ဖြစ်/သောကြောင့် ကျွန်ုပ်တို့/သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သော/သူ/တိုင်း/သည် ဘုရားသခင်/ထံမှ ဖြစ်ပွားလာသော/သူ/ဖြစ်/ပြီး ဘုရားသခင်/ကို သိသော/သူ/လည်း/ဖြစ်၏။ 8 ဘုရားသခင်/သည် ချစ်ခြင်းမေတ္တာ/ဖြစ်တော်မူ/သောကြောင့် မချစ်တတ်သော/သူ/သည် ဘုရားသခင်/ကို မသိ။
9 ကျွန်ုပ်တို့/သည် သားတော်/အားဖြင့် အသက်ရှင်ကြ/စေရန် ဘုရားသခင်/သည် မိမိ/၏/တစ်ပါးတည်းသော/သားတော်/ကို ဤ/လောက/သို့ စေလွှတ်တော်မူ၏။ ဤ/နည်း/ဖြင့် ဘုရားသခင်/သည် မိမိ/၏/ချစ်ခြင်းမေတ္တာ/ကို ကျွန်ုပ်တို့/အား ဖော်ပြတော်မူ၏။ 10 ချစ်ခြင်းမေတ္တာ/ဟူသည်/မှာ ဘုရားသခင်/အပေါ် ထားသော ကျွန်ုပ်တို့/၏ ချစ်ခြင်းမေတ္တာ/ကို မဆိုလို။ ကျွန်ုပ်တို့/၏ အပြစ်/အတွက် အပြစ်ဖြေရာ/ယဇ်/အဖြစ် သားတော်/ကို စေလွှတ်တော်မူ/၍ ကျွန်ုပ်တို့/အပေါ်/ထားသော ဘုရားသခင်/၏ ချစ်ခြင်းမေတ္တာ/ကို ဆိုလို၏။
11 ချစ်ရသော/သူတို့… ဘုရားသခင်/သည် ကျွန်ုပ်တို့/ကို ဤ/မျှလောက် ချစ်/သောကြောင့် ကျွန်ုပ်တို့/သည်လည်း အချင်းချင်း ချစ်ကြရမည်။ 12 ဘုရားသခင်/ကို မည်သူ/မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့/သည် အချင်းချင်း/ချစ်ကြ/လျှင် ဘုရားသခင်/သည် ကျွန်ုပ်တို့/နှင့် တပေါင်းတစည်းတည်း/ဖြစ်တော်မူ/၍ ချစ်ခြင်းမေတ္တာတော်/သည် ကျွန်ုပ်တို့/၌ ပြည့်စုံ/လျက်/ရှိပြီ။
13 ဘုရားသခင်/သည် မိမိ/၏/ဝိညာဉ်တော်/ကို ကျွန်ုပ်တို့/အား ပေးတော်မူ/သောကြောင့် ကျွန်ုပ်တို့/သည် ကိုယ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်၍ ကိုယ်တော်/သည်လည်း ကျွန်ုပ်တို့/နှင့် တပေါင်းတစည်းတည်း/ဖြစ်ကြောင်း/ကို ကျွန်ုပ်တို့/သိကြ၏။ 14 ခမည်းတော်/သည် သားတော်/ကို ဤ/လောက/၏/ကယ်တင်ရှင်/ဖြစ်/ရန် စေလွှတ်တော်မူခဲ့သည်/ကို ကျွန်ုပ်တို့/မြင်/၍ သက်သေခံကြ၏။ 15 တစ်စုံတစ်ယောက်/က ယေရှု/သည် ဘုရားသခင်/၏/သားတော်/ဖြစ်ကြောင်း/ကို ဝန်ခံ/လျှင် ဘုရားသခင်/သည် ထို/သူ/နှင့် တပေါင်းတစည်းတည်း/ဖြစ်တော်မူ/၍ သူ/သည်လည်း ဘုရားသခင်/နှင့် တပေါင်းတစည်းတည်း/ဖြစ်၏။ 16 ကျွန်ုပ်တို့/အပေါ် ဘုရားသခင်/မည်မျှ ချစ်တော်မူသည်/ကို ကျွန်ုပ်တို့/သိ/၍ ယုံကြည်သည်/နှင့်အညီ ထို/မေတ္တာ/အပေါ် မှီခို/အားထားကြ၏။ ဘုရားသခင်/သည် ချစ်ခြင်းမေတ္တာ/ဖြစ်တော်မူ/၍ ချစ်တတ်သောသူ/သည် ဘုရားသခင်/နှင့် တပေါင်းတစည်းတည်း/ဖြစ်၏။ ဘုရားသခင်/သည်လည်း ထို/သူ/နှင့် တပေါင်းတစည်းတည်း/ဖြစ်တော်မူ၏။ 17 ကျွန်ုပ်တို့/သည် ဤ/လောက/တွင် ကိုယ်တော်/ကဲ့သို့ ဖြစ်ကြ/၍ ချစ်ခြင်းမေတ္တာတော်/သည် ကျွန်ုပ်တို့/၌ ပြည့်စုံနေ/သောကြောင့် တရားစီရင်တော်မူရာ/နေ့/၌ စိတ်ချယုံကြည်မှု ရှိကြ/လိမ့်မည်။ 18 ချစ်ခြင်းမေတ္တာ/တွင် ကြောက်စိတ်/မရှိ။ ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာ/သည် ကြောက်စိတ်/ကို ဖယ်ရှားတတ်၏။ ကြောက်စိတ်/သည် ပြစ်ဒဏ်/နှင့် သက်ဆိုင်/သောကြောင့် ကြောက်သောသူ/သည် ချစ်ခြင်းမေတ္တာ/နှင့် မပြည့်စုံသေး။ 19 ဘုရားသခင်/သည် ကျွန်ုပ်တို့/ကို ဦးစွာ ချစ်တော်မူ/သောကြောင့် ကျွန်ုပ်တို့/သည် ဘုရားသခင်/ကို ချစ်ကြ၏။
20 တစ်စုံတစ်ယောက်/က “ငါ/သည် ဘုရားသခင်/ကို ချစ်သည်” ဟု ဆို/သော်လည်း မိမိ/ညီအစ်ကို/မောင်နှမa/ကို မုန်း/လျှင် ထို/သူ/သည် လိမ်လည်သောသူ/ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ/ဖြင့် မြင်ရသော ညီအစ်ကို/မောင်နှမ/ကို မချစ်သောသူ/သည် မမြင်ရသော/ဘုရားသခင်/ကို ချစ်/နိုင်မည်/မဟုတ်/သောကြောင့်/ဖြစ်၏။ 21 “ဘုရားသခင်/ကို ချစ်သော/သူ/သည် ညီအစ်ကို/မောင်နှမ/ကိုလည်း ချစ်ရမည်” ဟူသည့် ပညတ်တော်/ကို ကိုယ်တော်/သည် ကျွန်ုပ်တို့/အား ပေးတော်မူ၏။